နံမည်ကျော်အားကစားသမားတစ်ဦးသည် သူကိုယ်တိုင် နိုင်မည်ဟု အသေအချာ ယုံကြည်ထားသည့် ချန်ပီယံလုပွဲသို့ သွားရန် လေယာဉ်ပေါ်တွင် ခန့်ညားစွာ ထိုင်နေသည်။ လေယာဉ်မယ်က သူ့အနားသို့ လျှောက်လာပြီး “လူကြီးမင်း၊ ကျေးဇူးပြု၍ ထိုင်ခုံခါးပတ် ပတ်ထားပါ”ဟု ပြောရာ၊ သူက ပြုံးပြီး၊ “စူပါမန်းမှာ ခါးပတ် မလိုဘူး”ဟု ပြန်ပြောလိုက်သည်။ လေယာဉ်မယ်ကလည်း မဆိုင်းမတွပင် “စူပါမန်းက လေယာဉ်ပျံလည်း မလိုဘူး။ ဒါကြောင့် ခါးပတ်ပတ်လိုက်ပါ”ဟု ပြန်ပြောလိုက်မှ သူလည်း ခါးပတ်ပတ်လိုက်ရတော့သည်။
အောင်မြင်မှုက ကျွန်ုပ်တို့ကို မာန်တက်စေသည်။ မိမိသည် ထိုင်ခုံခါးပတ်လည်း မလို၊ လေယာဉ်မယ်၏ ညွှန်ကြားချက်လည်း မလိုဘဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်သည်ဟု ထင်မှတ်လာစေသည်။ အကယ်၍ ကျွန်ုပ်တို့သည် ဤကဲ့သို့သော စိတ်သဘောထားမျိုးကို အသင်းတော်အတွင်းသို့ ယူဆောင်လာပါက ကျွန်ုပ်တို့သည် မျက်စိက လက်ကို “မင်းကို ငါမလိုဘူး”၊ ဦးခေါင်းက ခြေထောက်ကို “မင်းကို…
အိမ်၌ အလုပ်လုပ်နေစဥ် တံခါးခေါင်းလောင်းသံမြည်လာ၍ “ပက်ထရစ်ပဲနေမှာ” ဟုကျွန်တော်တွေးလိုက်မိသည်။ သူက ကျွန်တော့်သမီး၏ချစ်သူဖြစ်ပြီး၊မကြာမကြာ အကြိမ်ကြိမ်လာဖူးပါသည်။ သို့သော် ကျွန်တော့်၏သားသမီးများကဲ့သို့ ကြိုက်သလို ဝင်ထွက်ခြင်းမရှိဘဲ၊ ခေါင်းလောင်းတီးကာ တံခါးလာဖွင့်ပေးသည်အထိ စောင့်သည်။ တစ်နေ့တွင် သမီးနှင့်လက်ထပ်လျှင် “ဒေါက်၊ ဒေါက်၊ ဒေါက်”ဟု အသံပြုကာ တံခါးကိုဖွင့်ပြီး တန်းဝင်လာခွင့်ရမည်ဖြစ်သည်။ ယခုတွင်တော့ ကျွန်တော်တို့မိသားစုဝင် မဟုတ်သေးပါ။
သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်ပါက ကျွန်တော်တို့သည် ဘုရားသခင်၏မိသားစုဝင်ဖြစ်လာပြီး၊မိသားစုဖြစ်ခြင်းကြောင့် မိမိ၏လိုအပ်မှု မှန်သမျှကို ကောင်းကင်ဘုံရှင်အဘဘုရားအား ပြောနိုင်ကြောင်း သခင်ယေရှုမိန့်တော်မူသည်။ အဆက်မပြတ် တောင်း၊ ရှာ၊ ခေါက်သင့်သည်(မ ၇:၇)။
ဟေဗြဲဩဝါဒစာရေးသူက ဤသဘောတရားကို ရှေ့ဆက်မည်သို့ခံယူ သည်ကို သင်ဆင်ခြင်ဖူးပါသလား။ ဘုရားသခင်သည် ကျွန်ုပ်တို့၏အဘဖြစ်ပြီး၊ ကျွန်ုပ်တို့သည် မိသားစုဝင်များဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့ တံခါးခေါက်ရန် မလိုပါ။ ယခုတွင် “ယေရှု၏ကိုယ်ခန္ဓာတော်တည်းဟူသော ကုလားကာအားဖြင့် ထိုသခင်ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင် ငါတို့သည် သန့်ရှင်းရာဌာနထဲသို့…
အေးသောရာသီဥတုတွင် သစ်ပင်များသည် “မာကျောမှု” ဖြစ်စဥ်အားဖြင့် ဆောင်းရာသီ၌ ခံနိုင်ရည်ရှိရန် ပြင်ဆင်ရသည်။ အပင်ခဲသွားခြင်း၊ ပြန့်သွားခြင်း၊ အက်ကွဲခြင်းများ မဖြစ်စေရန် သစ်ပင်ဆဲလ်များမှရေများကို စီးထွက်စေသည်။ ဆဲလ်တစ်ခုနှင့်တစ်ခုကြားတွင်ကျန်နေသော ရေသည် သန့်စင်လွန်း၍ ရေခဲပုံဆောင်ခဲလေးများဖွဲ့ရန် ခက်ခဲပြီး၊ အပင်၏အပူချိန် သုညဒီဂရီအောက် ၄၀ အထိကျသွားလည်း အပင်အက်ကွဲခြင်း မဖြစ်နိုင်တော့ပေ။ ပုံသေထားသည့်ပြက္ခဒိန်စနစ်မှ နေ့တာတိုသောရက်များ၏နိမိတ်ပြမှုအားဖြင့် အပင်များသည် နှစ်စဥ် တူညီသောအချိန်တွင် မာကြောလာသည်။ အပင်များသည် အချိန်အခါမဟုတ် နွေးထွေးသည့်ရာသီဥတုအပေါ် မမှီခိုဘဲ၊ တစ်ခုတည်းသော စိတ်ချရသည့် နေမင်းကြီးကိုသာ အားကိုးကြသည်။
နေကိုဖန်ဆင်းသော သားတော်သည် ယခုတိုင်အောင် သာ၍ စိတ်ချ ယုံကြည်ရသူဖြစ်သည်။ သူသည် “မျက်မြင်မရသောဘုရားသခင်၏ ပုံသဏ္ဌာန်တော် ဖြစ်၏။ ဝေနေယျ သတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။ ထိုသခင်အားဖြင့်လည်း ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက် ဖြစ်ကြပြီး” “ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာတည်ကြ၏”(ကော၁:၁၅-၁၇)။ နှစ်စဉ် မာကျောမှု လိုအပ်ကြောင်း…
အန်နာတို့ဇနီးမောင်နှံသည် သားသမီးနှစ်ဦးနှင့်အတူ အာဂျင်တီးနားနိုင်ငံတွင် နေထိုင်ကြသည်။ သူတို့သည် သူတို့ဘာသာသီးသန့်နေထိုင်ပြီး၊ စပိန်စကားကို ကျွမ်းကျင်စွာပြောဆိုတတ်သည်။ သို့သော် သူတို့သည် အာဂျင်တီးနားနိုင်ငံသား မဟုတ်ပါ။ သူတို့သည် အရေးပေါ်မှလှုပ်ရှားရသည့် နိုင်ငံခြားသားသူလျှိုများဖြစ်သည်။ သူတို့နေသည့် နိုင်ငံ၏ယဉ်ကျေးမှုများနှင့်မည်မျှ သဟဇာတ ဖြစ်သည်ဆိုလျှင် ခက်ရင်းကို ကျွမ်းကျင်စွာ ကိုင်နိုင်ခဲ့သည့်အထိပင်။ သို့သော် အရပ်ဘက် မှတ်ပုံတင်မှုတွင် ပေါ်ပေါက်ခဲ့သည့်အပြောင်းအလဲမှ သံသယမကင်းဖြစ်ပြီး လင်မယားနှစ်ယောက်လုံး အဖမ်းခံခဲ့ရသည်။ ၎င်းတို့မိသားစုကို သူတို့မွေးဖွားသည့်နိုင်ငံသို့ ပြန်ပို့စဉ် အန်နာသည် ၁၁ နှစ်အရွယ်သမီးငယ်ကို ကြည့်ရင်း သမီးမထင်ထားသည့်သတင်းကို သူမမည်ကဲ့သို့ပြောရမည်နည်းဟု တွေးမိသည်။
သခင်ယေရှုကို ယုံကြည်သူများတွင် သာ၍အရေးကြီးသောနိုင်ငံသား ဖြစ်ခွင့်ရှိသည်။ “ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံသားများ”ဖြစ်သောကြောင့် မြင့်မြတ်သောဘုရင်၏ကိုယ်စားလှယ်များဖြစ်သည် (ဖိ ၃:၂၀)။ ဖိလိပ္ပိမြို့သားများသည် ရောမနိုင်ငံသားများဖြစ်ရခြင်းအပေါ် သူတို့ဂုဏ်ယူကြပြီး၊ ဖိလိပ္ပိ မြို့တွင် နေထိုင်လျက်၊ ရောမနိုင်ငံတော်အတွက် သစ္စာရှိရှိ အမှုထမ်းခဲ့ကြသည်။ ရှင်ပေါလုက ၎င်းတို့၏သစ္စာစောင့်သိမှုကို သာ၍ကျယ်ပြန့်စွာ…
The Wild One ရုပ်ရှင်သည် စိတ်ညှိုးငယ်နေသည့် ဆိုင်ကယ်ဂိုဏ်းခေါင်းဆောင် Johnny Strabler(ဂျွန်နီစတေဘာ) အဖြစ် Marlon Brando(မာလွန်ဘရန်ဒို) သရုပ်ဆောင်ထားသော ၁၉၅၃ ခုနှစ်မှ ရုပ်ရှင်ဖြစ်သည်။ ဇာတ်ဝင်ခန်းတစ်ခုတွင် မိန်းကလေးတစ်ဦးက ဂိုဏ်းသားတစ်ဦး၏အင်္ကျီမှ B.R.M.C အတိုကောက်စကားလုံးကို သတိပြုမိပြီး၊ R သည် “ပုန်ကန်သူများ”ကို ဆိုလိုကြောင်း သိလိုက်သောအခါ ရယ်မောရင်း၊ ဘရန်ဒို၏လက်ကို ပုတ်ကာ “ဟေး ဂျော်နီ၊ မင်းဘာကို ပုန်ကန်တာလဲ”ဟု မေးရာ၊ သူက “မင်းဘယ်လိုထင်လဲ”ဟု ပြန်မေးခဲ့သည်။
ထိုဖော်ပြချက်က ကျွန်ုပ်တို့၏ပြဿနာအတွက် မှန်ကန်လိုက်လေခြင်း။ မိမိ၏အခွင့်အရေးကို ဖော်ပြရမည်ဆိုသည့် တွန်းအားသည် ကျွန်ုပ်တို့၏ မွေးရာပါ အသိဗီဇဖြစ်ပြီး၊ ကိုယ်လုပ်ချင်သည့်နည်းလမ်းဖြင့်သာ ကိုယ့်ကြမ္မာ ကိုယ်သာဖန်တီးလိုသည်။ မိမိဖြစ်ချင်သည့်အတိုင်းဖြစ်မလာပါက ကျွန်ုပ်တို့သည် လုပ်သင့်ရာကို မလုပ်ဘဲ၊ ဆင်ခြေပေးလျက် နှောင့်နှေးစေမှုများဖြင့် ပြဿနာကို ဖန်တီးနေတော့သည်။ အဓိကဆိုလိုရင်းမှာ မနာခံမှု ဖြစ်ပါသည်။…
မြို့တစ်မြို့၏နာဇီဌာနချုပ်အပြင်ဘက်တွင် ရိုက်ထားသော ဒုတိယကမ္ဘာစစ်မှ ဓာတ်ပုံဟောင်းသည် ကျွန်ုပ်တို့အားလုံးအတွက် သတိပေးချက်တစ်ခုဖြစ်သည်။ ဓာတ်ပုံထဲတွင် သက်တောင့်သက်သာ ၀တ်စားထားသော အမျိုးသမီးတစ်ဦး လမ်းဖြတ်ကူးနေသည်။ ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသားတစ်ဦးသည် လမ်းဘေးမှ လျှောက်လာစဉ် အခြားတစ်ဦးက အဆောက်အအုံထောင့်ရှိ ကြော်ငြာသင်ပုန်းကို ဖတ်နေသည်။ ရုံးချုပ်၏ရှေ့တံခါးအထက်တွင် ချိတ်ဆွဲထားသည့်အဆောက်အအုံ၏ တစ်ဝက်မျှရှည်သော နဖူးစည်းစာတမ်းကို ၎င်းတို့ သတိပြုမိပုံမပေါ်။ “ယုဒလူတို့ကို ဆန့်ကျင်ခုခံခြင်းဖြင့် ထာဝရဘုရား၏အမှုတော်အတွက် ငါတိုက်ပွဲဝင်သည်”ဟု ရေးထားသည်။
“သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရား မှတ်တော်မမူ” (ထွက် ၂၀:၇)ဟု မိန့်တော်မူသောအခါ ဤကဲ့သို့ သစ္စာဖောက်၍ မထီမဲ့မြင်ပြုမှုမျိုးကို ဘုရားသခင် စိတ်ထဲတွင်သိထားပြီးဖြစ်သည်။ ကျိန်ဆဲခြင်း (သို့) ခြေချောင်းလက်ချောင်းလေးများထိခိုက်သောအခါ ပေါ့တီးပေါ့ဆနှင့် ဘုရားနာမကို မြွက်ဆိုခြင်းများလည်း ဤပညတ်နှင့် အကြုံးဝင်သည်။ မကောင်းမှုကို ဖုံးကွယ်ရန်အတွက် ဘုရားသခင်၏ နာမတော်ကို…
၁၈၇၂ ခုနှစ်တွင် သမ္မတယူလက်ဇီး အက်စ်ဂရန့်(Ulysses S. Grant)သည် ဝါရှင်တန်ဒီစီ၌ သူ၏မြင်းရထားလုံးကို မဆင်မခြင်မောင်းနှင်မှုကြောင့် တားဆီးခံခဲ့ရသည်။ သတင်းစာတစ်ခုအရ အာဖရိကန်-အမေရိကန်ကပြားဖြစ်သည့် ဝီလျံဝက်စ် (William West) ဆိုသည့် အရာရှိက “သင်၏အမြန်မောင်းနှင်မှုက လမ်းဖြတ်ကူးသူများအတွက် အသက်အန္တရာယ်ဖြစ်စေနိုင်သည်”ဟု ဂရန့်အား သတိပေးခဲ့သည်။ ဂရန့်က တောင်းပန်ခဲ့သော်လည်း၊ နောက်တစ်နေ့ညတွင် ရထားလုံးကို အပြိုင်မောင်းနှင်ပြန်သဖြင့်၊ ဝက်စ်က ဂရန့်၏မြင်းများကိုတားကာ၊ “သမ္မတကြီးကို ဒီလိုလုပ်ရတာတော့ စိတ်မကောင်းပေမဲ့၊ သင်ဟာ နိုင်ငံတော်အကြီးအကဲဖြစ်ပြီး၊ ကျွန်တော်က ဘာမှမဟုတ်တဲ့ ရဲသားဖြစ်ပေမဲ့လို့ တာဝန်က တာဝန်ပါပဲ”ဟုပြောကာ သမ္မတကို ဖမ်းဆီးခဲ့သည်။
သူ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်သည့် ဤရဲရင့်သောသူအတွက် ဂုဏ်ယူမိသည်။ ဂရန့်လည်း ထိုနည်းပင်ဖြစ်သည်။ သူက ဝက်စ်ကို ချီးကျူးပြီး သူ့ကို အလုပ်မဖြုတ်ဘဲ ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့သည်။ ဘုရားသခင်သည်လည်း မတရားမှုကို မုန်းတီးခြင်းကြောင့် ဝက်စ် အပေါ်နှစ်သက်ကျေနပ်ပေလိမ့်မည်။ “ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊…
မာရီယို (Mario) သည် ဖောက်ထွင်းမှုဖြင့် ထောင်ကျခဲ့သည့် အသက် ၂၈ နှစ်အရွယ် ဘိန်းနှင့်အရက်စွဲသူဖြစ်သည်။ စီရင်ချက်ချချိန်တွင် တရားသူကြီးက သူသည် “အသုံးမကျသောသူ”ဟု ပြောကြားခဲ့ရာ၊ မာရီယိုသည် ဝမ်းနည်းစွာ လက်ခံခဲ့ရသည်။ ထောင်ကျနေသောကာလအတွင်း သတင်းထောက်ပညာပြိုင်ပွဲအတွက် ကြော်ငြာတစ်ခုကို သူတွေ့ခဲ့ရာ၊ ၎င်းသည် မာရီယို၏စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့ပြီး အနီးအနားရှိ တက္ကသိုလ်တစ်ခုတွင် စာရင်းသွင်းခဲ့သည်။ သူ့ကိုဆက်သွယ်လာခဲ့သည်။ သူသည် သတင်းဆောင်းပါးများဖန်တီးရခြင်းကို ဝါသနာပါပြီး၊ ထောင်မှထွက်ပြီးနောက် သတင်းထောက်ပညာမဟာဘွဲ့ကို ဆွတ်ခူးအောင်မြင်ခဲ့ကာ၊ ယခုတွင် The New York Times သတင်းစာအတွက် သတင်းရေးနေသည်။ သူသည် ဆန်ကုန်မြေလေး အသုံးမကျသူ မဟုတ်တော့ပေ။
သင်္ချိုင်း၌နေထိုင်သော နတ်ဆိုးစွဲသူ၏ဘဝသည် သူ့ကိုသိသူတိုင်းအတွက် အသုံးမကျသောလူ ဖြစ်နေပုံရသည်။ သူရန်မူမည့်အန္တရာယ်မှ ကာကွယ်ရန် အိမ်နီးချင်းများက သူ့ကို သံကြိုးများဖြင့် ချည်နှောင်ထားသော်လည်း၊ သူသည် “သံကြိုးကို ဆွဲဖြတ်၍ ခြေချင်းကို ဖြဲတတ်၏”…
အဒေါလ်ဖိုကမင်စကီး(Adolfo Kaminsky)သည် စာရွက်ပေါ်မှ မဖျက်နိုင်သော မင်များကို မည်သို့ဖယ်ရှားရမည်ကို ကောင်းစွာသိသူဖြစ်သည်။ သူသည်ပြင်သစ်နိုင်ငံမှ နာဇီဆန့်ကျင်ရေးအဖွဲ့ဝင်ဖြစ်သည့်အားလျော်စွာ အကျဉ်းစခန်းများ၌ ရာနှင့်ချီရှိသူများကို ကယ်တင်နိုင်ရန် မှတ်ပုံတင်ကဒ်များကို ပြောင်းလွှဲပြင်ဆင်ပေးခဲ့သည်။ တစ်ကြိမ်တွင် မွေးစားရင်းနှင့် နှစ်ခြင်းမင်္ဂလာခံယူပြီးလက်မှတ် ၉၀၀၊ ဂျူးကလေးငယ် ၃၀၀ အတွက် ရိက္ခာထုတ်ကတ်တို့ကို သုံးရက်အတွင်း အတုပြုလုပ်ပေးရန် တာဝန်ပေးခံရသည်။ သူသည် မအိပ်ဘဲ နှစ်ရက်ဆက်တိုက် မနားမနေ အလုပ်လုပ်ခဲ့သည်။ သူ့ကိုယ်သူလည်း “ငါ ၁ နာရီကို အခု ၃၀ ပဲ ထုတ်နိုင်တယ်။ အကယ်၍ ငါ ၁ နာရီအိပ်ခဲ့ရင် လူအယောက် ၃၀ သေသွားလိမ့်မယ်”ဟု ပြောခဲ့သည်။
တမန်တော်ရှင်ပေါလုသည်လည်း ထိုသို့သော အရေးပေါ်အခြေအနေကို ခံစားခဲ့ရသည်။ သူက ဧဖက်မြို့၌ရှိသောအသင်းတော်အား “အလွန်နှိမ့်ချသောစိတ်ရှိလျက်၊ မျက်ရည် ကျလျက်၊ ...စုံစမ်းနှောင့်ယှက်ခြင်းကိုခံလျက်၊ သခင်ဘုရား၏အမှုတော်ကို ငါဆောင်ရွက်သည်ကို သင်တို့သိကြ၏”ဟု(တ ၂၀:၁၉)…
ဘုရားကျောင်းမှ ခေါင်းလောင်းစင်ဝယ်သည့်ကိစ္စနှင့်ပတ်သက်၍ အသင်းသားများက ဘာလို့ဝယ်တာလဲ၊ ဒါက ဘုရားသခင်၏အရင်းအမြစ်များကို အကောင်းဆုံး အသုံးပြုတာလား၊ ဆင်းရဲသားကို ကျွေးမွေးတာက ပိုမကောင်းဘူးလား စသည်ဖြင့် မေးခွန်းထုတ်ကြရာ၊ သင်းအုပ်မှ အလှူရှင်များ၏ဆန္ဒအတိုင်း အသုံးပြုခြင်းပါဟု ပြန်လည်ဖြေရှင်းခဲ့သည့်အပြင်၊ သူက “ဆင်းရဲသောသူတို့ကား သင်တို့၌ အစဉ်ရှိကြ၏”ဟူသောသခင်ယေရှု၏စကားကို ကိုးကားခဲ့သည်(ယော ၁၂:၈)။
ပြီးမှ သင်းအုပ်ဆရာက သူ၏ပေါ့ပေါ့ဆဆ မဆီလျော်စွာ ကိုးကားပြောဆိုမှုကို အလျင်အမြန်တောင်းပန်ခဲ့သည်။ ထိုကိုးကားချက်ကြောင့် “မည်သည့်အခြေ အနေတွင် သခင်ယေရှု ထိုစကားကို ပြောခဲ့သနည်း”ဟု ကျွန်တော်တွေးမိသည်။ သခင်ယေရှု မသေဆုံးမီ ၆ ရက်အလိုတွင် အမျိုးသမီးတစ်ဦးသည် တန်ဖိုးကြီးသောနာဒုဆီမွှေးဖြင့် သခင့်အား လိမ်းပေးခဲ့ရာ၊ တပည့်တော်များက ထိုဆီမွှေးကိုရောင်း၍ ဆင်းရဲသူတို့အား အဘယ်ကြောင့် မပေးသနည်းဟု ဆိုသည်။ သခင်ယေရှုသည် (တရား ၁၅:၁၁) ကို ကိုးကား၍ “ဆင်းရဲသောသူတို့ကား သင်တို့၌ အစဉ်ရှိကြ၏။ ငါမူကား အစဥ်ရှိသည်မဟုတ်”ဟု…